အာဆီယံဒေသတွင်း လူဦးရေ အများဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် သမ္မတ ပြာဘိုဝို ဆူဘီယန်တို (Prabowo Subianto) လက်မှတ်ရေးထိုးခဲ့သည့် အမျိုးသား ကာကွယ်ရေး မူဝါဒ (National Defense Policy) သစ်၌ LGBTQ+ ယဉ်ကျေးမှု ပြန့်ပွားစေခြင်းကို အကြမ်းဖက်မှု၊ ခွဲထွက်ရေးနှင့် ပင်လယ်ဓားပြတိုက်ခိုက်မှုများနည်းတူ နိုင်ငံတော်အတွက် “စစ်ရေးမဟုတ်သော ခြိမ်းခြောက်မှု” (Non-military Threat) တစ်ခုအဖြစ် ထည့်သွင်း သတ်မှတ်လိုက်ကြောင်း သိရပါသည်။
အဓိက သတင်းအချက်အလက်များ –
၂၀၂၉ ခုနှစ်အထိ သက်ရောက်မည့် အဆိုပါ စည်းမျဉ်းတွင် LGBTQ+ ဆိုင်ရာ ကိစ္စရပ်များကို “ကြီးလေးသော ရာဇဝတ်မှုများ” (Extraordinary Crimes) နည်းတူ ကိုင်တွယ်ရန် ညွှန်ကြားထားသည်။
အင်ဒိုနီးရှား အစ္စလာမ် ဘာသာရေးကောင်စီ (Indonesian Ulema Council) မှ LGBTQ+ အခွင့်အရေး မြှင့်တင်ရေး လှုပ်ရှားမှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ရန် ဥပဒေကြမ်း တင်ပြထားသည့်အပြင်၊ တက္ကသိုလ် နယ်ပယ်များတွင်ပါ လိင်တူချစ်သူဆိုင်ရာ အသိပညာပေး ပို့စ်များကို ဖိအားပေး ဖြုတ်ချခိုင်းခြင်းနှင့် စာနယ်ဇင်းသမားများ ကိုယ်ရေးအချက်အလက် ပေါက်ကြားခံရခြင်း (Doxing) များ ဖြစ်ပွားခဲ့သည်။
Amnesty International Indonesia ၏ အကြီးအကဲ Usman Hamid က အဆိုပါ သတ်မှတ်ချက်သည် LGBTQI+ လူနည်းစုများအပေါ် စနစ်တကျ ခွဲခြားဆက်ဆံမှုကို တရားဝင် ဖြစ်စေရန် ဖန်တီးလိုက်ခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။
အာဆီယံ ဒေသတွင်း၌ လူနည်းစုများနှင့် LGBTQIA+ အသိုင်းအဝိုင်းများ၏ ရပိုင်ခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်များ ပိုမို ကျဉ်းမြောင်းလာနေသည့် ဥပဒေရေးရာနှင့် လူ့အခွင့်အရေး ဖြစ်စဉ်တစ်ခုအဖြစ် သုံးသပ်ရရှိပါသည်။
မူရင်းသတင်းလင့်ခ် – Facebook Post
https://www.facebook.com/share/19gkxXBEXW/?mibextid=wwXIfr
HumanRights #LGBTQRights #GEDSI #Indonesia #ASEAN #NewsUpdate #CANMyanmar


Leave a Reply