📢 တူရကီနိုင်ငံရှိ LGBTQ+ နှင့် HIV အသိပညာပေး အဖွဲ့အစည်းများ စက်တင်ဘာ ၁၃ ရက်နေ့တွင် ဝင်ရောက်စီးနင်း ဖမ်းဆီးခံရမှု ဖြစ်စဉ် အကျဉ်း

တူရကီနိုင်ငံ အာဏာပိုင်များ၏ “My Family is Safe” အမည်ရ စစ်ဆင်ရေးအောက်တွင် အစ္စတန်ဘူးလ်၊ အန်ကာရာ အစရှိသည့် မြို့ကြီးများရှိ LGBTQ+ အခွင့်အရေး လှုပ်ရှားသူများ၊ HIV အသိပညာပေး ရုံးများနှင့် နေအိမ်များကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး လူပေါင်း ၆၃ ဦးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်အနှစ်ချုပ်များ –
အကောင့်များနှင့် ဝဘ်ဆိုက်များ ပိတ်ပင်ခံရမှု – တူရကီ၏ အထင်ကရ LGBTQ+ အဖွဲ့အစည်းဖြစ်သော Kaos GL အပါအဝင် အဖွဲ့ပေါင်း ၁၅ ခု၏ X (Twitter) အကောင့်များကို ပိတ်သိမ်းရန် အာဏာပိုင်များက တောင်းဆိုထားပြီး၊ လူမှုကွန်ရက်နှင့် ဝဘ်ဆိုက် စာမျက်နှာ အများအပြားကိုလည်း ဖြတ်တောက်ထားပါသည်။
အာဏာပိုင်များ၏ စွပ်စွဲချက် – အွန်လိုင်းတွင် မသင့်လျော်သော အကြောင်းအရာများ လွှင့်တင်သည်ဟု စွပ်စွဲထားပြီး၊ မိသားစု အဖွဲ့အစည်းနှင့် ကလေးသူငယ်များကို ကာကွယ်ရန်ဟု အကြောင်းပြထားပါသည်။
အခြေအနေ အမှန် – တူရကီနိုင်ငံတွင် လိင်တူချစ်သူ ဖြစ်တည်မှုသည် တရားဥပဒေအရ ရာဇဝတ်မှု မဟုတ်သော်လည်း ၂၀၁၅ ခုနှစ်မှစ၍ Pride ပွဲများကို ပိတ်ပင်ထားခဲ့ကာ ယခုအခါ အရပ်ဘက် အဖွဲ့အစည်းများနှင့် အခွင့်အရေး ကာကွယ်သူများ၏ အခန်းကဏ္ဍကို ပိုမိုကျဉ်းမြောင်းအောင် လုပ်ဆောင်လာနေခြင်း ဖြစ်ပါသည်။
civil society space ကျဉ်းမြောင်းလာမှု၊ နည်းမျိုးစုံဖြင့် ဖိနှိပ်ခံနေရသည့် တူရကီရှိ LGBTQ+ အခွင့်အရေး လှုပ်ရှားသူများနှင့် တန်းတူညီမျှရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့်အတူ ထပ်တူရှိကြောင်း ဖော်ပြအပ်ပါသည်။

HumanRights #LGBTQRights #CANMyanmar #Inclusion #Justice

Leave a Reply

Discover more from CAN-MYANMAR

Subscribe now to keep reading and get access to the full archive.

Continue reading