ကုလသမဂ္ဂအတွင်း မြန်မာနိုင်ငံ၏ SOGIESC နှင့် လူ့အခွင့်အရေး ရပ်တည်ချက်၊ ဦးကျော်မိုးထွန်း၏ အခန်းကဏ္ဍနှင့် တော်လှန်ရေး အင်အားစုများ အတူတကွ ပူးပေါင်းပါဝင်ရေး

စက်တင်ဘာလ ၂၉ရက် ၂၀၂၆ခုနှစ်၊ မနေ့က ကျင်းပပြုလုပ်ခဲ့သည့် “UNGA (ကုလသမဂ္ဂ အထွေထွေညီလာခံ) SOGIESC Coalition Kickoff Webinar” သို့(CAN-Myanmar) အနေဖြင့် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အဆိုပါ Webinar တွေ့ဆုံပွဲတွင် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း မြန်မာနိုင်ငံ၏ SOGIESC (လိင်စိတ်ခံယူမှု၊ ဂျင်ဒါဖော်ပြမှုနှင့် လက္ခဏာရပ်များ) ဆိုင်ရာ အခွင့်အရေး ရပ်တည်ချက်များ မည်သို့ တိုးတက်ပြောင်းလဲလာသည်ကို အလေးထား ဆွေးနွေးနိုင်ခဲ့ကြပါသည်။

၁။ ကုလသမဂ္ဂအတွင်း မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော မဲပေးမှု ရပ်တည်ချက်များ

လွန်ခဲ့သည့် နှစ်များအတွင်း ကုလသမဂ္ဂ၏ အရေးပါသော စာချုပ်များနှင့် ဆုံးဖြတ်ချက်များဖြစ်သည့် –

 EJE Resolution (တရားဥပဒေပြင်ပ၊ လက်စအတိုရုံးဖြတ် သို့မဟုတ် မတရား ကွပ်မျက်မှုများဆိုင်ရာ နှစ်နှစ်တစ်ကြိမ် ဆုံးဖြတ်ချက်) နှင့်

 CRPD Resolution (မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်) အပါ အခြားအရေးကြီးသော စာချုပ်များ

စသည့် စာတမ်းများမှ SOGIESC ဆိုသည့် ဝေါဟာရနှင့် အသုံးအနှုန်းများကို ဖြုတ်ပစ်ရန်/ဖယ်ရှားရန် မဲခွဲဆုံးဖြတ်ကြသည့်အခါ မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစ၍ အဆိုပါ စာသားများ ဖြုတ်ပစ်ခြင်းကို အစဉ်တစိုက် ကန့်ကွက်မဲပေးခဲ့ပြီး SOGIESC အခွင့်အရေးများကို ဆက်လက်ထားရှိရေးဘက်မှ ခိုင်မာစွာ ရပ်တည်ခဲ့ပါသည်။ ထို့အပြင် ၂၀၂၅ ခုနှစ် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် (Disabilities Resolution) တွင်လည်း ပူးတွဲစပွန်ဆာ (Co-Sponsorship) အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကာ UNGA SOGIESC Coalition ရဲ့ မဟာမိတ် မိတ်ဖက်နိုင်ငံ စာရင်းတွင်လည်း ပါဝင်လာခဲ့ပါသည်။

၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် တော်လှန်ရေးအစိုးရ၏ အခန်းကဏ္ဍ

ဤသို့ တိုးတက်သော၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ စံနှုန်းများကို လေးစားသော ရပ်တည်ချက်များ ရရှိလာခြင်းသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် NUG အစိုးရ၏ ကုလသမဂ္ဂ ကိုယ်စားပြုခွင့်နှင့် တရားဝင် ထိုင်ခုံနေရာ ရရှိထားမှုကြောင့်ပင် ဖြစ်ပါသည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း သို့မဟုတ် တော်လှန်ရေးအစိုးရ၏ ကိုယ်စားပြုခွင့် မရှိတော့ပါက အနာဂတ် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် LGBTQIA+ အခွင့်အရေးဆိုင်ရာ အခန်းကဏ္ဍများ အကြီးအကျယ် ထိခိုက်သွားမည် ဖြစ်ပါသည်။

ထို့ကြောင့် CAN-Myanmar အနေဖြင့် Webinar အတွင်းရှိ အဓိက မဟာမိတ် အဖွဲ့အစည်းများနှင့် နိုင်ငံတကာ မိတ်ဖက်များအား မိမိတို့ မူရင်းနိုင်ငံများ၏ အစိုးရများကို သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ကုလသမဂ္ဂ ထိုင်ခုံနေရာ ဆက်လက် တည်ရှိရေးအတွက် ဆက်လက်ထောက်ခံ မဲပေးကြရန် တိုက်တွန်းပေးကြပါရန် အသိပေး နှိုးဆော်ခဲ့ပါသည်။

၃။ Myanmar Queer Community နှင့် တော်လှန်ရေး အင်အားစုများသို့ နှိုးဆော်ချက်

နွေဦးတော်လှန်ရေးတွင် အစွမ်းကုန် ရင်းနှီးပေးဆပ်နေကြသော တော်လှန်သက်တံ့များ အပါအဝင် မြန်မာနိုင်ငံသူ/သားများအားလုံးကို အသိပေးချင်သည်မှာ -ထို့ကြောင့် မိမိတို့ တတ်နိုင်သည့် ဘက်မှ တော်လှန်ရေးကို ထောက်ပံ့ပေးကြပါရန်၊ အထူးသဖြင့် နိုင်ငံတကာအဆင့် အရေးဆိုမှုများတွင် လက်မှတ်ရေးထိုး ထောက်ခံပေးခြင်း (Petitions)၊ မိမိတို့ ရောက်ရှိရာ ဒေသမှနေ၍ နိုးဆော်စည်းရုံးပေးခြင်းစသည့် သေးငယ်သည်ဟု ထင်ရသော ပါဝင်မှုများသည်ပင်လျှင် တော်လှန်ရေးနှင့် မြန်မာနိုင်ငံ၏ အနာဂတ် အခွင့်အရေးများအတွက် အလွန်ပင် ထိရောက်သော အထောက်အကူများ ဖြစ်စေပါသည်။

နွေဦးတော်လှန်ရေးနှင့်အတူ အားလုံးပါဝင်နိုင်သော၊ တန်းတူညီမျှသော ဒီမိုကရေစီ လူ့ဘောင်သစ်ဆီသို့ ဆက်လက် လျှောက်လှမ်းကြပါစို့။

#CANMyanmar #UNGA #SOGIESC #HumanRights #MyanmarQueerCommunity #StandWithMyanmar

Leave a Reply

Discover more from CAN-MYANMAR

Subscribe now to keep reading and get access to the full archive.

Continue reading