ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ စီရင်ချက်ကို C.A.N-Myanmar မှ ကြိုဆိုခြင်း—တရားမျှတမှုသည် ရိုဟင်ဂျာ LGBTQIA+ အသိုက်အဝန်းအပါအဝင် ရိုဟင်ဂျာပြည်သူအားလုံးအတွက် ဖြစ်ရမည်။
[English Below]
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက် | 21 November 2026
LGBTQIA+ ဦးဆောင်သည့် လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သော C.A.N-Myanmar အနေဖြင့် ရိုဟင်ဂျာပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ တာဝန်ရှိမှုကို ဆုံးဖြတ်ခဲ့သော ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ သမိုင်းဝင်စီရင်ချက်ကို ကြိုဆိုပါသည်။
ရိုဟင်ဂျာပြည်သူများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ မုဒိမ်းမှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုများအပါအဝင် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ကျူးလွန်မှုများနှင့်ပတ်သက်သည့် တရားရုံး၏တွေ့ရှိချက်များသည် တရားမျှတမှုနှင့် တာဝန်ခံမှု၊ တာဝန်ယူမှုတို့ အရေးတကြီး လိုအပ်နေကြောင်း ထပ်မံအတည်ပြုလိုက်ခြင်းဖြစ်သည်။ C.A.N-Myanmar အနေဖြင့် အဆိုပါ ရာဇဝတ်မှုများကို ပြင်းထန်စွာ ရှုတ်ချပြီး ကျူးလွန်သူများအား တာဝန်ခံစေရေး၊ နစ်နာသူများအတွက် ပြန်လည်ကုစားမှုများ ရရှိရေးနှင့် အလားတူကျူးလွန်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် အာမခံချက်များ ရရှိရေးတို့ကို တောင်းဆိုပါသည်။
လူမျိုးတုံးသတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ရိုဟင်ဂျာမောင်နှမများကို ကျွန်ုပ်တို့ အောက်မေ့သတိရလျက်ရှိပြီး ရှင်သန်ကျန်ရစ်သူများ၏ ရဲရင့်မှုနှင့် တရားမျှတမှုအတွက် ဆက်လက်ကြိုးပမ်းနေမှုများကိုလည်း အသိအမှတ်ပြုဂုဏ်ပြုပါသည်။ နေရပ်စွန့်ခွာတိမ်းရှောင်နေရမှု၊ ခွဲခြားဆက်ဆံခံရမှုနှင့် လုံခြုံမှုကင်းမဲ့သည့် အခြေအနေများကို ဆက်လက်ရင်ဆိုင်နေရသော ရိုဟင်ဂျာပြည်သူများနှင့်အတူ ကျွန်ုပ်တို့ တစ်သားတည်း ရပ်တည်ပါသည်။
ရိုဟင်ဂျာလူသားတိုင်းသည် ခြွင်းချက်မရှိ တန်းတူညီမျှသော အကာအကွယ်၊ လုံခြုံမှု၊ လူ့ဂုဏ်သိက္ခာနှင့် တရားမျှတမှုတို့ကို ရရှိပိုင်ခွင့်ရှိရမည်။
တစ်ချိန်တည်းတွင် LGBTQIA+ ရိုဟင်ဂျာမောင်နှမများနှင့် ၎င်းတို့၏ အခွင့်အရေးများအတွက် အတူရပ်တည်ကာ ကာကွယ်ပြောဆိုပေးနေကြသော ရိုဟင်ဂျာအမျိုးသမီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၏ လုံခြုံရေးနှင့် အကာအကွယ်လိုအပ်ချက်များကို အထူးအလေးထား ဆောင်ရွက်ပေးရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ ၎င်းတို့သည် မိမိတို့၏ ဖြစ်တည်မှုနှင့် လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုများကြောင့် ထပ်ဆင့်ခွဲခြားဆက်ဆံမှုများ၊ ပစ်မှတ်ထားခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများနှင့် ဖယ်ကြဉ်ခံရမှုများကို ရင်ဆိုင်ရနိုင်ကြောင်း အသိအမှတ်ပြုရန် လိုအပ်ပါသည်။
ထို့ကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ အလှူရှင်များနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် SOGIESC အပေါ် အလေးထားသိရှိနားလည်မှုရှိသော၊ အားလုံးပါဝင်နိုင်သော၊ ရှင်သန်ကျန်ရစ်သူများကို ဗဟိုပြုသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် အကာအကွယ်ပေးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။
အထူးသဖြင့် LGBTQIA+ ရိုဟင်ဂျာမောင်နှမများနှင့် အမျိုးသမီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံသောနေထိုင်စရာ၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု၊ ဥပဒေရေးရာအကူအညီနှင့် အကာအကွယ်ပေးရေးဝန်ဆောင်မှုများကို ခွဲခြားဆက်ဆံမှုမရှိဘဲ လုံခြုံစိတ်ချစွာ၊ လျှို့ဝှက်ချက်ထိန်းသိမ်းမှုရှိစွာ ရရှိနိုင်ရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပါသည်။
တရားမျှတမှုသည် လူရွေး၍ မဖြစ်ရပါ။ လူ့ဂုဏ်သိက္ခာသည် အခြေအနေအပေါ် မမူတည်ရပါ။ အများအမြင်တွင် ထိရှလွယ်၍ ဖယ်ကြဉ်ခံရလေ့ရှိသောသူများကို အကာအကွယ်မပေးနိုင်သရွေ့ အားလုံးပါဝင်သော လူသားချင်းစာနာထောက်ထားမှုဟု မခေါ်ဆိုနိုင်ပါ။
C.A.N-Myanmar အနေဖြင့် ရိုဟင်ဂျာမောင်နှမများ၏ တရားမျှတမှု၊ လူ့ဂုဏ်သိက္ခာ၊ တန်းတူညီမျှမှုနှင့် အခြေခံလူ့အခွင့်အရေးများအတွက် ဆက်လက်ရပ်တည်သွားမည်ဖြစ်ပါသည်။
ဆုံးရှုံးခဲ့ရသူများကို အောက်မေ့သတိရပါသည်။
ရှင်သန်ကျန်ရစ်သူများနှင့်အတူ ရပ်တည်ပါသည်။
ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိစေရန် တောင်းဆိုပါသည်။
တာဝန်ခံမှုမရှိဘဲ တရားမျှတမှု မရှိနိုင်ပါ။
အားလုံးပါဝင်မှုမရှိဘဲ အကာအကွယ်ပေးမှု မပြည့်စုံနိုင်ပါ။
ရိုဟင်ဂျာအခွင့်အရေးများမပါဝင်ဘဲ လူ့အခွင့်အရေးဟု မဆိုနိုင်ပါ။
အသေးစိတ်အချက်အလက်များ သိရှိလိုပါက သို့မဟုတ် မီဒီယာဆိုင်ရာ စုံစမ်းမေးမြန်းမှုများအတွက် ဆက်သွယ်ရန်—sawzinmaungsoe@can-myanmar.org, canorg.myanmar@gmail.com
[English Version]
C.A.N-Myanmar, an LGBTQIA+-led human rights organization, welcomes the historic judgment delivered by the International Court of Justice (ICJ) on 19 November 2026, finding Myanmar responsible for genocide against the Rohingya people.
The Court’s findings concerning mass killings, rape, sexual and gender-based violence, and atrocities committed against Rohingya communities reaffirm the urgent need for justice and accountability. We strongly condemn these crimes committed by the Myanmar military and demand accountability, reparations, and guarantees of non-repetition.
We remember the Rohingya lives lost, honor the courage of survivors, and stand in solidarity with Rohingya communities who continue to face displacement, discrimination, and insecurity.
Every Rohingya person deserves equal protection, safety, dignity, and justice, without exception. At the same time, we urge particular attention to the protection needs of “LGBTQIA+ Rohingya people and Rohingya women human rights defenders who stand alongside and advocate for LGBTQIA+ communities,” recognizing that they may face intersecting forms of discrimination, targeted threats, violence, and exclusion because of their identities and human rights work.
We call upon civil society organizations, governments, humanitarian agencies, donors, and international partners to adopt “SOGIESC-sensitive, inclusive, and survivor-centered humanitarian approaches,” ensuring safe and confidential access to healthcare, shelter, psychosocial support, legal assistance, and protection services. These responses must also recognize and address the specific risks faced by LGBTQIA+ Rohingya people and women human rights defenders, without exposing them to further harm.
Justice cannot be selective. Human dignity cannot be conditional. And humanitarian protection cannot be inclusive while the most marginalized remain unprotected.
C.A.N-Myanmar stands with our Rohingya siblings in their continuing struggle for justice, dignity, equality, and fundamental human rights.
We remember those we have lost. We stand with those who survived. We demand accountability.
No justice without accountability. No protection without inclusion. No human rights without Rohingya rights.
For further information or media inquiries, please contact: sawzinmaungsoe@can-myanmar.org, canorg.myanmar@gmail.com
WithTheRohingya #JusticeForRohingya #RohingyaGenocide #ICJ #HumanRights #SOGIESC #LGBTQIA #Myanmar



Leave a Reply