✊🏳️‍🌈 ACSC/APF 2026 တွင် မြန်မာ LGBTQ+ လူထု၏ အသံများကို ကိုယ်စားပြုဖော်ထုတ်ခြင်း

C.A.N-Myanmar သည် ၂၀၂၆ ခုနှစ် အာဆီယံအရပ်ဘက်လူမှုအဖွဲ့အစည်းများညီလာခံနှင့် အာဆီယံပြည်သူ့ဖိုရမ် (ACSC/APF 2026) တွင် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပါဝင်တက်ရောက်ခဲ့ပြီး စစ်အုပ်စု၏ အတင်းအဓမ္မစစ်မှုထမ်းစေခြင်းကြောင့် ထိခိုက်ခံစားနေရသည့် LGBTQ+ လူထု၏ အတွေ့အကြုံများနှင့် အသံများကို ဒေသတွင်းအဆင့်တွင် ထုတ်ဖော်တင်ပြခဲ့ပါသည်။

C.A.N-Myanmar ၏ ကိုယ်စားလှယ်က LGBTQ+ များသည်လည်း အတင်းအဓမ္မစစ်မှုထမ်းစေခြင်းမှ ကင်းလွတ်ခွင့်မရကြောင်း နှင့် စစ်အုပ်စု၏ ဖိနှိပ်မှုများအောက်တွင် အတင်းအဓမ္မနေရပ်စွန့်ခွာရခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုများ (SGBV)၊ မတရားဖမ်းဆီးချုပ်နှောင်မှုများနှင့် တရားလက်လွတ်သတ်ဖြတ်မှုများအပါအဝင် အန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း အလေးပေးဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံ၏ တရားမျှတမှု၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးအတွက် ကြိုးပမ်းမှုများတွင် LGBTQ+ လူထု၏ အတွေ့အကြုံများနှင့် အသံများ ချန်လှပ်မခံရစေရန် အာဆီယံဒေသတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများအကြား ကိုယ်စားပြုတင်ပြခွင့်ရခဲ့သည့်အတွက် ဂုဏ်ယူမိပါသည်။

ကျွန်ုပ်တို့ ပါဝင်ခွင့်ရသည့် နေရာတိုင်းတွင် ကျွန်ုပ်တို့၏ LGBTQ+ လူထုအသံများကို ကြားသိနိုင်စေရန် ဆက်လက်ကိုယ်စားပြု ဖော်ထုတ်သွားမည်ဖြစ်ပါသည်။

🏳️‍🌈✊ အားလုံးမလွတ်မြောက်မချင်း ကျွန်ုပ်တို့၏ ကြိုးပမ်းမှုများ ဆက်လက်ရှိနေမည်။

ACSCAPF2026 #CANMyanmar #LGBTQMyanmar #ResistBusinessAsUsual #DisruptReclaimRebuild

Leave a Reply