ယူကရိန်းနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး အမျိုးသား မဟာဗျူဟာသစ်တွင် LGBTQ+ အသိုက်အဝန်း ပါဝင်လာမှု

ယူကရိန်းနိုင်ငံတွင် လိင်တူလက်ထပ်ခွင့်ကို ယခုတိုင် ခွင့်မပြုသေးသော်လည်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး (Volodymyr Zelenskyy) ယခုလ လက်မှတ်ရေးထိုးခဲ့သည့် အမျိုးသား မဟာဗျူဟာသစ်အရ LGBTQ+ လူ့အဖွဲ့အစည်းများကို ခွဲခြားဆက်ဆံမှု၊ မုန်းတီးစကားဆိုမှု (hate speech) နှင့် မုန်းတီးမှုကြောင့် ကျူးလွန်သည့် ရာဇဝတ်မှုများမှ ကာကွယ်ရန် ရည်မှန်းချက်များ ချမှတ်ထားကြောင်း သိရသည်။
အောက်တိုဘာ ၁၂ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၃၅ ခုနှစ်အထိ အကောင်အထည်ဖော်မည့် အဆိုပါ လူ့အခွင့်အရေးအစီအစဉ်သည် နိုင်ငံအတွင်း ခွဲခြားဆက်ဆံမှုအပေါ် ဥပဒေကြောင်းအရ ပိုမိုအားကောင်းသည့် အကာအကွယ်ပေးရေး၊ LGBTQ+ ဆန့်ကျင်သည့် မုန်းတီးမှုရာဇဝတ်မှုများကို ပိုမိုစုံစမ်းစစ်ဆေးရေးနှင့် ရဲတပ်ဖွဲ့ဝင်များအတွက် သင်တန်းပေးရေးတို့ကို ကတိပြုထားသည်။ ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ လူမှုဖူလုံရေးဝန်ဆောင်မှုများနှင့် ဥပဒေရေးရာ အကူအညီများကိုပါ ပိုမိုရရှိနိုင်ရန် ဆောင်ရွက်ပေးမည် ဖြစ်သည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ နိုင်ငံရေးဝါဒတွင် လိင်တူချစ်ကြိုက်မှုကို ဆန့်ကျင်ခြင်း (homophobia) ပါဝင်နေပြီး ယခုကဲ့သို့ စစ်ပွဲနှင့် ရင်ဆိုင်နေရချိန်တွင်ပင် ယူကရိန်းက ဤကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။ “သူနဲ့ ကွာခြားချင်တယ်ဆိုရင် ဒီကိစ္စမှာလည်း ကျမတို့က ကွာခြားပြရမှာပါ” ဟု ယူကရိန်းနိုင်ငံရေးသမား အင်းနာ ဆိုဗဆွန် (Inna Sovsun) က ၂၀၂٣ ခုနှစ်တွင် Time မဂ္ဂဇင်းသို့ ပြောကြားခဲ့ဖူးသည်။
ဤမဟာဗျူဟာသည် ယူကရိန်း၏ ဥရောပသမဂ္ဂ (EU) ဝင်ရောက်ရေး ကြိုးပမ်းမှုများနှင့်လည်း ချိတ်ဆက်နေပြီး အီးယူ၏ ထောက်ပံ့ငွေအသစ်များ ရရှိရေးအတွက် အခြေအနေတစ်ရပ်လည်း ဖြစ်သည်။ သို့သော် အရာရာသည် တစ်ညတည်းနှင့် ပြောင်းလဲသွားမည်မဟုတ်ကြောင်း၊ လက်တွေ့ပေါ်ထွက်လာမည့် လုပ်ငန်းစဉ် (Action Plan) ကသာ စာသားများထက် ပိုမိုအရေးကြီးကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများက ထောက်ပြကြသည်။
ယူကရိန်းစစ်တပ်တွင် LGBTQ+ လူပုဂ္ဂိုလ်များအနေဖြင့် ပွင့်ပွင့်လင်းလင်း တာဝန်ထမ်းဆောင်ခွင့်ရှိသော်လည်း ဥပဒေအရ တရားဝင် အသိအမှတ်ပြုခံရခြင်း မရှိသေးပေ။
Credit to Original post from GayBuzzer

Ukraine #LGBTQ #HumanRights #Zelenskyy #CANMyanmar #EqualRights #Diversity

Leave a Reply

Discover more from CAN-MYANMAR

Subscribe now to keep reading and get access to the full archive.

Continue reading