အောက်တိုဘာ ၁၃ ရက်နေ့မှာ ဟန်ဂေရီလွှတ်တော်ဟာ ဥပဒေအတော်များများထဲက LGBTQ+ ကိုယ်စားပြုခွင့် ကန့်သတ်ချက်တွေကို ဖယ်ရှားမယ့် ပြင်ဆင်ချက်တွေကို ထောက်ခံမဲ ၁၃၉ မဲ၊ ကန့်ကွက်မဲ ၅၁ မဲနဲ့ အတည်ပြုလိုက်ပါတယ်။
နှစ်ပေါင်းများစွာကြာအောင် ဒီကန့်သတ်ချက်တွေရဲ့ နောက်ကွယ်က ပေးချင်တဲ့ သတင်းစကားကတော့ – “လူငယ်တွေကို ငါတို့လို ဘဝတွေကို မြင်တွေ့ခွင့်ပေးတာဟာ သူတို့အတွက် အန္တရာယ်ရှိလို့ ကာကွယ်ပေးရမယ်” ဆိုတာပါပဲ။
ဒါကြောင့်မို့လို့ ဒီရလဒ်ဟာ လွှတ်တော်ရဲ့ မဲအရေအတွက်ထက်မက ပိုမို လေးနက်လှပါတယ်။
ဖခင်နှစ်ယောက်ရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်၊ ဂေးဇာတ်ကောင်တစ်ယောက် စတာတွေဟာ မိမိကိုယ်ကိုယ် “မသင့်တော်တဲ့ တည်ရှိမှု” အဖြစ် သတ်မှတ်ခံရမယ့်အစား မိမိကိုယ်ကိုယ် ပြန်လည်အသိအမှတ်ပြုနိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်လာစေပါတယ်။
ဟန်ဂေရီက လှုပ်ရှားတက်ကြွသူတွေက ဒီပြောင်းလဲမှုကို ကြိုဆိုနေကြပေမဲ့လည်း လုပ်ဆောင်စရာတွေ အများကြီး ကျန်ရှိနေသေးတယ်ဆိုတာကိုတော့ လေးလေးနက်နက် သိရှိထားကြပါတယ်။
Transgender ထရန်းဂျန်ဒါ (ဆန့်ကျင်ဘက် လိင်ကဲ့သို့ပြောင်းလဲ ဝတ်ဆင်နေထိုင်ခံယူသူ) တွေနဲ့ လိင်တူမိသားစုတွေအတွက် အတားအဆီးတွေအပြင် Pride ပွဲတွေကို ကန့်သတ်ဖို့ အသုံးပြုနေတဲ့ စည်းမျဉ်းတွေအပါအဝင် ခြားနားဆက်ဆံတဲ့ ဥပဒေအချို့ ကျန်ရှိနေသေးတာကြောင့်ပါ။
ဒါဟာ အခွင့်အရေးနဲ့ တန်းတူညီမျှမှုအတွက် တိုက်ပွဲရဲ့ အဆုံးသတ် မဟုတ်သေးပေမဲ့ တကယ့်ကို အရေးပါတဲ့ ရှေ့ခြေလှမ်းတစ်လှမ်းပဲ ဖြစ်ပါတယ်။
မျှော်လင့်ချက်မကင်းမဲ့ဘဲ စဉ်ဆက်မပြတ် ရပ်တည်၊ စုစည်းပြီး ပျောက်ကွယ်မသွားဖို့ ငြင်းဆန်ခဲ့ကြတဲ့ ဟန်ဂေရီက လူတိုင်းအတွက်တော့ ဂုဏ်ယူအသိအမှတ်ပြုသင့်တဲ့ အခိုက်အတန့်လေးတစ်ခုပဲ ဖြစ်ပါတယ်။
LGBTQ+ ဆန့်ကျင်ရေး ဥပဒေတွေကို စိန်ခေါ်လို့ ရပါတယ်။
ပြီးတော့ ပြောင်းလဲပစ်လို့လည်း ရပါတယ်။ ❤️
AFP / Human Rights Watch
📷 European Union 2011 PE-EP
Hungary #LGBTQRights #Equality #bgay





Leave a Reply