[English]
The Myanmar Delegation of the UNGA 3C SOGIESC Global Coalition and CAN-Myanmar warmly welcome the official confirmation that the Permanent Mission of Myanmar to the United Nations registered as a Co-Sponsor of the Extrajudicial, Summary, or Arbitrary Executions (EJE) Resolution under the UN General Assembly Third Committee on 09 November 2026.
Following our joint advocacy appeal supported by 25 Civil Society Organizations and 108 Individual Supporters, Myanmar stands proud alongside over 40 UN Member States—including newly added co-sponsors such as Armenia, Chile, Albania, Greece, and Montenegro—in upholding international human rights standards, equality, and the protection of LGBTIQ+ individuals against arbitrary violence.
We express our deepest gratitude to H.E. Ambassador U Kyaw Moe Tun, the Permanent Mission of Myanmar, and all civil society partners and supporters who made this historic moment possible.
[Burmese]
အထူးဝမ်းမြောက်ကြောင်း သတင်းထုတ်ပြန်ချက်: မြန်မာနိုင်ငံမှ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ EJE ဆုံးဖြတ်ချက်အား ပူးတွဲအဆိုရှင် (Co-Sponsor) အဖြစ် တရားဝင် ပါဝင်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ခြင်း
UNGA 3C SOGIESC Global Coalition ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (Myanmar Delegation) နှင့် CAN-Myanmar တို့သည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့မှ တရားလက်မဲ့သတ်ဖြတ်မှုများ တားဆီးရေး (EJE) ဆုံးဖြတ်ချက်တွင် Co-sponsor (ပူးတွဲအဆိုရှင်) အဖြစ် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့တွင် တရားဝင် စာရင်းသွင်းပါဝင်ခဲ့မှုကို ဝမ်းမြောက်စွာ ကြိုဆိုထောက်ခံအပ်ပါသည်။
အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၅ ဖွဲ့နှင့် ပြည်သူ ၁၀၈ ဦးတို့၏ စုပေါင်းထောက်ခံမှုဖြင့် မေတ္တာရပ်ခံခဲ့သည့်အတိုင်း မြန်မာနိုင်ငံသည် စာတမ်းကို တရားဝင် စတင်တင်သွင်းပြီးသည့် နောက်ပိုင်းတွင်လည်း လက်လွှတ်မခံဘဲ ချီလီ၊ အာမေးနီးယား၊ အယ်လ်ဘေးနီးယား၊ ဂရိ၊ မွန်တီနီဂရိုး အပါအဝင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၄၀ ကျော်နှင့်အတူ အချိန်မီ ပူးတွဲပါဝင် ရပ်တည်ခဲ့ခြင်း ဖြစ်ပါသည်။
သံအမတ်ကြီး H.E. U Kyaw Moe Tun၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့နှင့် ပါဝင်ထောက်ခံပေးကြသော အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးကို အထူးပင် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။





Leave a Reply