ရိုဟင်ဂျာ LGBTIQ များနှင့် အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်သူများအပေါ် ထပ်မံ ပစ်မှတ်ထား တိုက်ခိုက်မှုများကို ချက်ချင်း ရပ်တန့်ရန် လွန်ခဲ့သော ၁၀ လကျော်ကတည်းက ကျွန်ုပ်တို့ C.A.N-Myanmar အနေဖြင့် ရိုဟင်ဂျာ အသိုင်းအဝိုင်းအတွင်းရှိ LGBTIQ လူနည်းစုများနှင့် သူတို့၏ အခွင့်အရေးအတွက် ရဲရင့်စွာ ရပ်တည်ပေးနေသော အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ (Women HRDs) အားလုံး အကာအကွယ် ရရှိရေးအတွက် အလေးအနက် အသိပေးခဲ့ပြီး ဖြစ်ပါသည်။
သို့သော် ယခုအခါ အဆိုပါ LGBTIQ ရိုဟင်ဂျာများနှင့် အမျိုးသမီး တက်ကြွလှုပ်ရှားသူများကို ဘာသာရေးနှင့် ယဉ်ကျေးမှုကို အကြောင်းပြ၍ ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ အရှက်ခွဲခြင်းနှင့် မုန်းတီးရေး လှုံ့ဆော်မှုများ ထပ်မံ ပြုလုပ်လာနေသည်ကို တွေ့ရှိရသည်။ ဤသို့ ပြုလုပ်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းများနှင့် လုံးဝ မညီညွတ်ဘဲ အပြတ်အသတ် မပြုလုပ်သင့်သော ကိစ္စရပ် ဖြစ်သည်။
ကျွန်ုပ်တို့၏ မူလ ရပ်တည်ချက်အတိုင်း အောက်ပါအချက်များကို ထပ်မံ အသိပေးလိုက်သည် –
🔹 လူ့အခွင့်အရေးသည် လူတိုင်းနှင့် ဆိုင်သည်: လိင်စိတ်တိမ်းညွှတ်မှုနှင့် ဂျန်ဒါဖော်ပြမှု/အမှတ်လက္ခဏာ (SOGIESC)” မည်သို့ပင်ရှိစေကာမူ ရိုဟင်ဂျာ ပြည်သူအားလုံးသည် ကျွန်ုပ်တို့ အသိုင်းအဝိုင်း၏ တရားမျှတမှု ရရှိရေးနှင့် လူသားဆန်သော ရင်းနှီးရုပ်သိမ်းမှု တိုက်ပွဲတွင် ပါဝင်သူများ ဖြစ်ကြသည်။
🔹 အမျိုးသမီး ကာကွယ်သူများကို အကာအကွယ်ပေးရမည်: အပြည်ပြည်ဆိုင်ရာ စင်မြင့်များတွင် ရိုဟင်ဂျာ ပြည်သူတစ်ရပ်လုံး၏ အသံကို ကိုယ်စားပြုပေးနေသော အမျိုးသမီး ခေါင်းဆောင်များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် အသိုင်းအဝိုင်းတစ်ခုလုံး၏ လူ့အခွင့်အရေး ကြိုးပမ်းမှုကို ထိခိုက်စေသည်။
🔹 အကာအကွယ်ပေးခြင်းသည် ဘာသာရေးကို မထိခိုက်ပါ: ထိခိုက်လွယ်သည့် လူနည်းစုများကို အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများမှ ကာကွယ်ပေးခြင်းသည် မည်သူ၏ ဘာသာရေး၊ ယဉ်ကျေးမှုကိုမှ လျော့ပါးမသွားစေဘဲ လူ့ဂုဏ်သိက္ခာနှင့် စာနာမှုဆိုင်ရာ လူသားဆန်သည့် မူများကို သက်သေပြခြင်းသာဖြစ်သည်။
🔹 ဒုက္ခသည်စခန်းအတွင်း အန္တရာယ်ကြီးမားမှု: အခက်အခဲပေါင်းစုံ ကြုံတွေ့နေရသော ဒုက္ခသည်စခန်းများအတွင်း အမြင်မတူသူများနှင့် LGBTIQ အုပ်စုများသည် အကြမ်းဖက်ခံရမှုနှင့် ဝန်ဆောင်မှုများမှ ဖယ်ကြဉ်ခံရမှု အန္တရာယ် ပိုမိုမြင့်မားလျက် ရှိသည်။
မိမိတို့ အသိုင်းအဝိုင်းအတွင်းရှိ ထိခိုက်လွယ်သူများနှင့် အမျိုးသမီး တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် နိုင်ငံတကာ စင်မြင့်တွင် ရိုဟင်ဂျာ လူ့အခွင့်အရေး တောင်းဆိုမှု၏ ယုံကြည်လက်ခံနိုင်စွမ်း (Credibility) ကို ဖျက်ဆီးရာ ရောက်ပါသည်။
သို့ဖြစ်ပါ၍ အသိုင်းအဝိုင်းအတွင်း မုန်းတီးရေး လှုံ့ဆော်မှုများ (Hate Speech) နှင့် အရှက်ခွဲ တိုက်ခိုက်မှုများကို ချက်ချင်း ရပ်တန့်ကြရန်နှင့် စာနာမှု၊ အကာအကွယ်ပေးမှု၊ အားလုံးပါဝင်သော လူ့အခွင့်အရေး စံနှုန်းများအပေါ်တွင်သာ အခြေခံ၍ ပြောဆိုဆက်ဆံကြရန် အလေးအနက် သတိပေး တောင်းဆိုလိုက်ပါသည်။

Rohingya #HumanRights #LGBTIQInclusion #WomenInAdvocacy #ProtectionForAll #StopHateSpeech #Accountability #SafeCommunities
အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်မြှင့်
တင်သူများ (Women HRDs) အပေါ် အမုန်းစကား (Hate Speech) များဖြင့်တိုက်ခိုက်ထားသည့် social media မှတ်တမ်းများ
https://www.facebook.com/share/1Fw1sdnrir/?mibextid=wwXIfr
https://www.facebook.com/share/1EETJy7EmH/?mibextid=wwXIfr
https://www.facebook.com/share/p/19eJbhQ4eb/?mibextid=wwXIfr

Leave a Reply