Transgender Day of Remembrance (TDoR) 2020 Event
Transgender Day of Remembrance (TDoR) 2020 Event
Transgender Day of Remembrance (TDoR) ------------------------ အကြမ်းဖက်ခံရပီး သေဆုံးသွားကြသော ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်စားဆင်ယင်နေထိုင်သူများကို အောက်မေ့သတိရခြင်း အခမ်းအနား ( တီဒေါ) ကို တစ် ကမ္ဘာလုံးက လာမဲ့ နိုဝင်ဘာလ ၂၀ရက်နေ့မှာ ကျင်းပကြမှာဖြစ်ပါတယ်။ ကျင်းပခဲ့တဲ့အကြ်ိမ်အရေအတွက်နေနဲ့ကတော့ ဒီနှစ်မှာ တစ်ကမ္ဘာလုံးအနေနဲ့ဆိုရင် ၂၁ နှစ်မြောက်ဖြစ်ပြီး မြန်မာမှာဆိုရင် ၈ ကြိမ်မြောက်ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်စားဆင်ယင်နေထိုင်သူများကို အောက်မေ့သတိရခြင်း အခမ်းအနား ( တီဒေါ) Transgender Day of Remembrance (TDoR) ကို တော့ ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်တဲ့ ကိုဗစ်၁၉ ​ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှချမှတ်ထားသော ညွှန်ကြားချက်တွေနဲ့ အညီ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 /COVID-19)ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဥ်များနှင့်ညီညွတ်အောင် လူခြင်းထိစပ်နိုင်ခြင်းရှိစရာမလို့တဲ့နည်းလမ်းများနဲ့ ပြုလုပ်ကျင်းပသွားဖို့ ကံမြန်မာနှင့် PFLAG-Myanmar အဖွဲ့သူအဖွဲ့သားများကပြင်ဆင်နေပါတယ်။ ဘယ်လိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအစီအစဉ်တွေနဲ့ပြုလုပ်သွားမလဲဆိုတာကိုတော့ ဆက်လက်စောင့်မျှော်ပေးသွားကြဖို့ ကိုလည်းအသိပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *