မလေးရှားအမျိုးသားတစ်ဦးက အစ္စလာမ်မစ်ဥပဒေများကိုအသုံးချကာ လိင်တူဆက်ဆံခြင်းအား တားမြစ်နေမှုများကိုဆန့်ကျင်လျက် ပထမဆုံးအကြိမ် တရားရင်ဆိုင်ခြင်းက နိုင်ငံ့အဝှမ်းကြီးထွားလျက်ရှိသော လိင်စိတ်ခံယူမှူကွဲပြားသူများအားနှိပ်ကွပ်ခြင်းကို ရင်ဆိုင်တိုက်ခိုက်လိမ့်မည်ဟု တရားဥပဒေကြောင်းအရအကူအညီပေးသူတစ်ဦးမှ လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည်။အဆိုပါ အမျိုးသားသည် ယမနနှစ်က အခြားသောအမျိုးသားများနည်းတူ “ဓမ္မတာကိုဆန့်ကျင်သော ကာမစပ်ယှက်မှု” ဖြင့်တရားဆွဲဆိုခံရပြီးနောက် အခြားသောအမျိုးသားများကဲ့သို့ ပြစ်မှုအတွက်ကြိမ်ဒါဏ်စီရင်မှုကိုခံယူခြင်းမရှိပဲ...