“ကိုစတာရီကာနိုင်ငံသည် ဗဟိုအမေရိကတိုက်တွင် လိင်တူချင်းလက်ထပ်ခွင့်ကို ပထမဆုံးအကြိမ်တရားဝင်ခွင့်ပြုပေးသောနိုင်ငံတစ်ခုဖြစ်လာ”
“ကိုစတာရီကာနိုင်ငံသည် ဗဟိုအမေရိကတိုက်တွင် လိင်တူချင်းလက်ထပ်ခွင့်ကို ပထမဆုံးအကြိမ်တရားဝင်ခွင့်ပြုပေးသောနိုင်ငံတစ်ခုဖြစ်လာ”
တန်းတူညီမျှစွာ လက်ထပ်နိုင်ခွင့်အား ယခုအခါ ကိုစတာရီကာနိုင်ငံ၌ ဥပဒေအဖြစ်ခိုင်ခိုင်မာမာပြဌာန်းနိုင်ခဲ့ပြီးဖြစ်သည်။ ယင်းနိုင်ငံသည် လွန်ခဲ့သည့်အင်္ဂါနေ့က ဗဟိုအမေရိကဒေသတွင် လိင်တူချင်းလက်ထပ်ခွင့်ကို ပထမဆုံးအကြိမ်တရားဝင် ဥပဒေအရအသိအမှတ်ပြုပေးခဲ့သော နိုင်ငံဖြစ်လာခဲ့သည်။ ဤအကြောင်းကို  ကိုစတာရီကာနိုင်ငံ ၏သမ္မတ ဖြစ်သူ ကားလို့စ် အယ်ဗာရာဒို ကွီဆာဒါက ယနေ့တွင် မိမိတို့နိုင်ငံ၏လွတ်လပ်ပြီးတရားမျှတမှု တန်းတူညီမျှရှိမှုနှင့် ဒီမိုကရေစီအုပ်မြစ်တို့ ၏အသီးအပွင့်များကို ခံစားရရှိရပြီဖြစ်ကြောင်း၊ စာနာစိတ်နှင့် ချစ်ခြင်းမေတ္တာရားတို့က ကျွန်ုပ်တို့အားရှေ့သို့ဆက်လက်ချီတက်နိုင်စေရန်သာမက နိုင်ငံတော်ကိုတည်ဆောက်ရာတွင်လူသားတိုင်း၏အခန်းကဏ္ဉကို ထည့်သွင်းစဉ်းစားပေးနိုင်ရန် သံလိုက်အိမ်မြှောင်သဖွယ်လမ်းပြစေလိုကြောင်း  ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။ ဤကဲ့သို့ တန်းတူညီမျှစွာ လက်ထပ်နိုင်ခွင့်သည်  ၂၀၁၈ခုနှစ် ဩဂုတ်လတွင်း နိုင်ငံ့အခြေခံဥပဒေဆိုင်ရာတရားရုံးမှနေ၍  လိင်တူချင်းလက်ထပ်နိုင်ခွင့်အား တားဆီးထားသော ဥပဒေများသည် လုပ်ထုံးလုပ်နည်းနှင့်မကိုက်ညီကြောင်းထုတ်ပြန်ချက်မှ အစပြုခဲ့ခြင်းဖြစ်သည်။ ယင်းတရားရုံးမှ ဥပဒေပြုရေးအဖွဲ့အား  ၁၈လအတွင်း  တန်းတူညီမျှစွာ လက်ထပ်နိုင်ခွင့် ဥပဒေကို တရားဝင်ထုတ်ပြန်ပေးရမည် ဖြစ်ကြောင်း ထိုသို့ကဲ့မထုတ်ပြန်နိုင်ပါက လိင်တူချင်းလက်ထပ်ခွင့်သည် အလိုအလျောက် အသက်ဝင်သွားမည်ဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။ ကိုစတာရီကာသည် ယင်းသို့ဆုံးဖြတ်ချက်ချရာနိုင်ရန်အလို့ငှာ ၂၀၁၈ခုနှစ် ဇန်နဝါရီလအတွင်း လိင်တူချစ်သူစုံတွဲများအကြား ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်နှင့်ပတ်သတ်စပ်လျဉ်းသည့် အကြံဉာဏ်တို့ကိုလည်း အမေရိကတိုက်အတွင်းရှိ နိုင်ငံများအကြား လူ့အခွင့်အရေးနှင့်သက်ဆိုင်သော  တရားရုံးမှ ရယူခဲ့သည်။ ယင်းသို့တန်းတူညီမျှစွာလက်ထပ်ခွင့်ရလျှင်ရချင်း နိုင်ငံအတွင်းရှိ လိင်တူချစ်သူစုံတွဲမြောက်များစွာတို့သည် ညတွင်းချင်းလက်ထပ်ပွဲများကို စီစဉ်ကျင်းပခဲ့ကြသည်။ လိင်စိတ်ခံယူမှုကွဲပြားသူများအရေး လှုပ်ရှားသောအဖွဲ့အစည်းများမှလည်း  ထိုအပြောင်းအလဲ အားသောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်။ ကိုစတာရီကာနိုင်ငံတွင် လိင်တူချင်းလက်ထပ်နိုင်ခွင့်သည် လက်တွေ့အမှန်တကယ်ဖြစ်လာခဲ့ပြီဖြစ်ကြောင်း၊ ယင်းသည် ဗဟိုအမေရိကဒေသရှိနိုင်ငံများအကြားပထမဆုံးဖြစ်ကြောင်း ၊ မိမိတို့အင်မတန်မှဝမ်းသာပီတိဖြစ်ရပါကြောင်းနှင့် ထိုကဲ့သို့အခွင့်အရေးရရှိနိုင်စေရန် ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးချင်းစီကိုကျေးဇူးတင်ကြောင်း အပြည်ပြည်ဆိုင်ရာလိင်စိတ်ခံယူမှုကွဲပြားသူများအဖွဲ့အစည်း (ILGA World) မှ သတင်းထုတ်ပြန်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုအခြေစိုက် လိင်စိတ်ခံယူမှုကွဲပြားသူများအရေးများအားလှုပ်ရှားလျက်ရှိသော လူ့အခွင့်အရေးကန်ပိန်းလှုပ်ရှားမှုအဖွဲ့ (Human Rights Campaign) မှလည်း ယင်းဆုံးဖြတ်ချက်အား ချီးကျူးဖော်ပြခဲ့ကာ တစ်ကမ္ဘာလုံးတွင် လည်းထိုခဲ့လို့လက်ထပ်ခွင့်တန်းတူညီမျှမှုရရှိနိုင်ရန်ပိုမိုကြိုးပမ်းသွားရမည်ဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါသည်။ ယင်းအဖွဲ့အစည်း၏ဥက္ကဌဖြစ်သူ အယ်လ်ဖွန်နိုဒေးဗစ်မှ ယနေ့ကိုစတာရီကာနိုင်ငံက  လိင်တူလက်ထပ်ခွင့်ကို  ဗဟိုအမေရိကဒေသတွင် ပထမဆုံးအကြိမ် သမိုင်းဝင်အဖြစ် ခွင့်ပြုခဲ့ပြီဖြစ်ကြောင်း ယင်းနိုင်ငံအတွင်းရှိလိင်စိတ်ခံယူမှုကွဲပြားသူများသည်ထို့ကဲ့သို့အမှန်ကန်ဖြစ်ပေါ်လာစေရန် မမောနိုင်မပန်းနိုင်ကြိုးစားခဲ့ရကြောင်း ၎င်းကိုအတူယူကာ တစ်ကမ္ဘာလုံးရှိလိင်စိတ်ခံယူမှုကွဲပြားသူများမှ မိမိတို့ကိုယ်ပိုင်အခွင့်အရေးအား ရယူနိုင်ရန်ကြိုးပမ်းအားထုတ်သင့်ကြောင်း မိန့်ခွန်းတစ်ခုတွင်ထည့်သွင်းပြောကြားခဲ့သည်။ သတင်း- အောင်စွမ်းသူ ကိုးကား- CNN Costa Rica becomes the first Central American country to legalize same-sex marriage                                                                https://edition.cnn.com/2020/05/26/americas/costa-rica-legalizes-same-sex-marriage-trnd/index.html?fbclid=IwAR0bFvmvlZt-jRwGVyTRLuFzNTqrV49ZTrciUfG-Ms_Z1IDt3WqpB__pF6U

Leave a Reply

Your email address will not be published. Required fields are marked *