We are the same! We are the ones! Together with Building the World! No.25- Kagi, Block 693, Lwin Complex, Third Floor, Bet 39×40 Street and Bet 71×72 Street, Maharaungmyae Township, Mandalay, Myanmar

တရုတ်တက္ကသိုလ်များတွင်ပညာသင်ယူနေသောကျောင်းသားစုစုပေါင်း၏၂၀ရာခိုင်နှုန်းကျော်မှမိမိတို့သည်လိင်ကွဲချင်းစိတ်ဝင်စားသူများမဟုတ်ဟုပြောကြား

တရုတ်နိုင်ငံအတွင်းရှိမျိုးဆက်သစ်များအကြား မိမိတို့သည်လိင်စိတ်ခံယူမှုကွဲပြားသူများဖြစ်ကြောင်း ဖွင့်ဟဝန်ခံမှုနှုန်းမှာမြင့်တက်လျက်ရှိသည်။တရုတ်တက္ကသိုလ်များတွင်ပညာသင်ယူနေသောကျောင်းသားများ၏၁၅ရာခိုင်နှုန်းကျော်မှာ လိင်စိတ်ခံယူကွဲပြားသူLGBTQIAs များဖြစ်ကြောင်း စစ်တမ်းကောက်ယူမှုများအရ သိရှိခဲ့ရသည်။ သုတေသနပြုလုပ်မှုတစ်ခုတွင် တရုတ်နိုင်ငံတဝှမ်းရှိ တက္ကသိုလ်ပေါင်း ၁,၇၆၄ခုမှ ကျောင်းသားပေါင်း ၅၄,၅၅၈၀ယောက်အား ၄င်းတို့လိင်စိတ်တိန်းညွှတ်မှုများနှင့်ပတ်သတ်သည့် မေးမြန်းမှုများကိုပြုလုပ်ခဲ့သည်။

ထို့နောက်ထို ကျောင်းသားတို့၏ ၈.၉ရာခိုင်နှုန်းမှာ လိင်တူလိင်ကွဲနှစ်မျိုးစလုံးကို စိတ်၀င်စားကြသူများဖြစ်ကြောင်း ၄.၅၈ ရာခိုင်နှုန်းမှာ လိင်တူချင်းစိတ်ဝင်စားကြသူများဖြစ်ကြောင်း ၁.၂၂ရာခိုင်နှုန်းမှာလိင်ကွဲပြားမှုအပေါ်မူမတည်ပဲမိမိ၏စိတ်ခံစားမှုအရချစ်ခင်စုံမက်ကြသူများဖြစ်အကြောင်း ၀.၆ ရာခိုင်နှုန်းမှာ လိင်စိတ်တိန်းညွှတ်မှု လုံးဝမရှိကြသူများဖြစ်ကြောင်းနှင့် ၀.၉ရာခိုင်နှုန်းမှာ  အခြားသော လိင်စိတ်တိန်းညွှတ်မှုရှိသူများဖြစ်ကြောင်း သိရပါသည်။ ထိုစစ်တမ်းကောက်ယူမှုမှတဆင့် ကျောင်းသားစုစုပေါင်း၏ ၇၇.၂၈ရာခိုင်နှုန်းသာ ဆန့်ကျင်ဘက်လိင်အား စိတ်ဝင်စားသူများ ဖြစ်ကြောင်းနှင့် ၆.၄၉ရာခိုင်နှုန်းသော ကျောင်းသားများမှာ ၄င်းတို့မည်သို့သော လိင်စိတ်တိန်းညွှတ်မှုရှိ ကြောင်းကိုသေသေချာချာမသိရှိကြောင်း ကြောင်းသိရှိခဲ့ရသည်။ ထိုလေ့လာစစ်တမ်းပြုလုပ်မှုမှ တရုတ်နိုင်ငံတွင် အများအားဖြင့် လူငယ်များအကြား လိင်စိတ်ခံယူမှုကွဲပြားသူများ အပေါ်ထားရှိသောအမြင်များမှာ အကောင်းဘက်သို့ ဦးတည်ပြောင်းလဲလျက်ရှိကြောင်းသိရှိရသည်။

အများအားဖြင့် လိင်စိတ်ခံယူမှုကွဲပြားသူများအရေးအတွက် ကန်ပိန်းပြုလုပ်လှုပ်ရှားသူများသည် လေ့လာမှု၏ရလာဒ်နှင့်အတူ ကျောင်းသားများအား “လိင်တူလိင်ကွဲတပ်မတ်မှုများသည် အချက်အလက်အမြောက်အများနှင့်သက်ဆိုင်ကြောင်း မတူညီသောမွေးရာပါ လိင်စိတ်ခံမှုကွဲပြားခြင်းမှ အက္ခရာကျလှကြောင်း ယင်းမှာသဘာဝဖြစ်စဉ် တစ်ရပ်သာဖြစ်ကြောင်း” ဗဟုသုတများကို မျှဝေပေးခဲ့သည်။ထိုကန်ပိန်းပြုလုပ်သူများသည် လူပုဂ္ဂိုလ်တစ်ဦး ချင်းစီ၏ လူမှုရေးအရ လိင်ဖြစ်တည်မှုနှင့် လက်တွဲဖော်သို့မဟုတ် ကြင်ဖော်ကြင်ဖက်ရွေးချယ်မှုတို့မှာ တမူထူးခြားလှသည်သာမကလူပုဂ္ဂိုလ်တစ်ဥ◌ီးချင်းစီတိုင်းသည် မိမိတို့ဘဝကိုမိမိတို့ဘာသာ ရွေးချယ်ဆုံးဖြတ်နိုင်ရန်နှင့် လေးစားစွာဆက်ဆံခံရဖို့ရာအတွက်အခွင့်အရေးများရှိကြောင်း မတူညီကွဲပြားမှုများအပေါ်လက်ခံနိုင်သည့်သာတူညီမျှမှုရှိ၍နေချင်စဖွယ်ဖြစ်သောကမ္ဘာကြီးဖြစ်လာဖို့ကိုလည်း အားလုံးဝိုင်းဝန်း၍ အားသွန်ခွန်စိုက်ကြိုးပမ်းရမည် ဖြစ်ကြောင်းကိုလည်း ထပ်လောင်းအကြံပြုပြောဆိုခဲ့ကြသည်။

တရုတ်နိုင်ငံသားများလည်းလိင်တူလက်ထပ်ခွင့်တရားဝင်ဖြစ်ရန်တောင်းဆိုလာကြပြန်ပြီ

တရုတ်တွင် လိင်စိတ်ခံမှုကွဲပြားသူများအရေးနှင့်ပတ်သတ်၍ ဌာနပိုင်းဆိုင်ရာအဆင့်၌လည်း ပြောင်းလဲလျက်ရှိသည်။ယမန်နှစ်နှောင်းပိုင်းကာလတွင် နိုင်ငံ့ထိပ်တန်းအာဏာပိုင်များက ပြည်သူများအား နိုင်ငံ့လူမှုဥပဒေမူကြမ်းပြင်ဆင်ရေးအတွက် အကြံဉာဏ်များဆန္ဒပြုတောင်းဆိုရန်ဖိတ်ခေါ်ခဲ့ရာ တရုတ်နိုင်ငံသားပေါင်းအယောက် အယောက် ၂သိန်းခန့်မှ ၁လအတွင်း၎င်းတို့၏အမြင်သဘောထားများကို ပေးပို့ခဲ့ကြသည်။ထိုအထဲတွင် လူအယောက်ပေါင်းတစ်သိန်းကိုးသောင်းခန့်က လိင်တူချင်းလက်ထပ်မှုကိုတရားဝင်ဖြစ်စေရန်တွက် တောင်းဆိုမှုများကိုပြုလုပ်ခဲ့ကြသည်။ကနဦးတွင် လိင်တူချင်းလက်ထပ်ခွင့်အားကန့်ကွက်ခဲ့သော တရုတ်အာဏာပိုင်များမှ အဆိုပါရလာဒ်များအား အသိအမှတ်ပြုခြင်းနှင့် လူထုထံသို့ကြေငြာခဲ့ခြင်းသည် LGBTQIAS ကန်ပိန်းပြုလုပ်သူများအတွက် လက်ထပ်ခွင့်တန်းတူညီမျှမှုရရှိရန် မျှော်လင့်ချက်များကိုမွေးဖွားစေခဲ့သည်။

ထို့အပြင် ဒီဇင်ဘာလအတွင်းက  တရုတ်သတင်း website တစ်ခုဖြစ်သော ifeng.com မှ လူ၁၀သန်းထံမှစစ်တမ်းများကောက်ယူခဲ့ကြရာ ၆၆ရာခိုင်နှုန်းသောဖြေကြားသူတို့မှာ လိင်တူချင်းလက်ထပ်ခွင့်ကိုတရားဝင်ဖြစ်စေလိုသည်ဟုဖြေကြားခဲ့ကြကြောင်းသိရှိရသည်။ ထိုစဉ် သူမ၏ယခင်အမျိုးသမီးလက်တွဲဖော်နှင့်ရရှိခဲ့သောသားသမီးများအား ပိုင်ဆိုင်ခွင့်ရရန်ကြိုးပမ်းလျက်ရှိသော တရုတ်မိခင်တစ်ဥ◌ီး၏အရေးကိစ္စမှသည်လည်း လွတ်လပ်စွာလက်ထပ်ပိုင်ခွင့်၏အရေးကြီးပုံကိုသိရှိခဲ့ရုံသာမက လူထု၏ကိုယ်ချင်းစာနာလည်လည်မှုရရှိရန်ပါအထောက်အကူဖြစ်ခဲ့သည်။ ထို့အပြင် စစ်တမ်းလေ့လာမှုများအရ ရှန်ဟိုင်းမြို့လိင်စိတ်ခံယူမှုကွဲပြားသူများ၏ ဂုဏ်ယူအောက်မေ့ဖွယ်ရာပွဲတော်ကို နှစ်စဉ်ဇွန်လတွင်ပြုလုပ်သွားရန်လည်းသိရှိခဲ့ရသည်။တရုတ်သည် Covid-19 ရောဂါကြောင့် အသွားအလာကန့်သတ်မှုများကို ဖြေလျော့ထားပြီးဖြစ်ရာ ယခုနှစ်အတွင်း ပွဲတော်အား ကြိုတင်စီစဉ်ထားသည်နှင့်မရှေးမရှေးမနှောင်း ကျင်းပသွားနိုင်မည်ဟုမျှော်လင့်ထားကြောင်း ပွဲစည်စဉ်သူများထံမှသိရသည်။

၂၀၁၉ခုနှစ်နိုဝင်ဘာလနှင့် ၂၀၂၀ပြည့်နှစ်ဖေဖော်ဝါရီလအတွင်းတွင် ၂၀၁၉-၂၀၂၀ ခုနှစ် ကောလိပ်ကျောင်းသားများ၏လိင်နှင့်မျိုးဆက်ပျံ့ပွားမှုကျန်းမာရေးဆိုင်ရာ အမျိုးသားအဆင့် စစ်တမ်းကောက်ယူမှုအစီရင်ခံချက်အား ပြုစုစီရင်ခဲ့ပါသည်။

၎င်းစစ်တမ်းကောက်ယူမှုအား တရုတ် မိသားစုစီမံကိန်းအဖွဲ့အစည်း၊ တရုတ်ပြည်လူငယ်ကွန်ယက်နှင့် ရှင်ဟွာတက္ကသိုလ် လူထုကျန်းမာရေးစင်တာမှ ပူးပေါင်းပြုလုပ်ခဲ့ပါသည်။

 

 

ရေးသားသူ-အောင်စွမ်းသူ

ကိုးကား – “Over 20% of Chinese university students say they are not straight” www.gaystar.com